Thursday, July 30, 2009

မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေအောင် ဆပ်ကြပါ…

မိဘတို့၏ကျေးဇူးတရားကို ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင်းမိုရ် တောင်နှင့် ဥပမာကပ် ဂုဏ်နှိုင်းအပ်လည်း ဤမျှမြင့်ဆို ထိုမြင်းမိုရ်မှာ နွားချိုခန့်သာရှိတော့ သည်ဟု ဗုဒ္ဓမြတ်ဘုရား ဟောကြားခဲ့၏။ မိဘများသည် ဗြဟ္မာအလား စိတ်ထားပိုင်ရှင်များ လည်းဖြစ်ကြသည်။။ ကိုယ်ဝန်တည်ရာ ရှိလာသောအခါ ရောဂါကင်းပါစေ၊ အင်္ဂါခြေလက် ပြည့်စုံပါစေဟု သန္ဓေသားအား မေတ္တာပို့၏။ မွေးဖွားလာလို့ ငိုသံကြားကလည်း ကရုဏာ တရား ဖြစ်ပွားကြ၏။ သားသမီးများ လမ်းလျှောက်ပြေးလွှား ကစားကြ၍ ထိုထိုအတတ် မွန်မြတ်သည့်ပုံ တွေ့ကြုံပြန်တော့ မုဒိတာတရား ဖြစ်ပွားကြ၏။ ကိုယ့်ခြေကိုယ့်လက် မားမား ရပ်၍ အိမ်ယာခွဲကာ စီးပွားရှာနိုင်လို့ မိဘအကူ မယူရဘဲ နေသည့်အခါကျပြန်တော့လည်း သားသမီးတို့အပေါ်၌ ဥပေက္ခာတရား ပွားများကြသည့် မိဘတို့၏ ကျေးဇူးမှာကား လွန်စွာ များပြား ကြီးမားလှပါသည်။

ကမ်းစပ်နဲ့ ရေလှိုင်း

ဒီတစ်ခါတော့ ဆရာအတ္တကျော်ရေးထားတဲ့
"ကမ်းစပ်နဲ့ ရေလှိုင်း "ဆိုတဲ့စာစုလေးကိုတင်လိုက်ပါတယ်
ပုဇွန်တွေမျက်စိလည်၊လမ်းမှားပြီး ကမ်းစပ်ကကျောက်ဆောင်
ကျောက်သားတွေပေါ်ကို ရောက်သွားရင် ရေထဲကို
မပြန်တက်ကြတော့ဘူးဆိုပဲ။
ဟုတ်လောက်တယ်လေ။ပုဇွန်ဆို
ဘယ်ပုဇွန်ပဲဖြစ်ဖြစ် ခြေထောက်မှမပါတာကိုး။
ဒါပေမယ့်သူတို့ ကိုယ်မှာက ငါးတွေလိုပဲရေကူးနိုင်တဲ့
အမြီးလည်းပါတယ်။ကိုယ်ကလည်းကွေးလို့ ဆန့် လို့ 
လှုပ်လို့ ရှားလို့ လည်းရနေတာပဲ။ဒါပေမယ့်သူတို့ ဟာ
အကြောင်းတစ်ခုခုကြောင့် ကမ်းပေါ်ရောက်သွားရင်
ရေထဲကိုပြန်မသွားတတ်ကြတော့ဘူး။သူတို့ တတ်တာက
ရေလှိုင်းကသူတို့ ဆီရောက်လာပြီး ရေထဲ
ပြန်ဆွဲအချကိုငံ့လင့်နေတာဆိုပဲ။
ရေလှိုင်းရောက်မလာဘူးဆိုရင်လည်းရောက်နေတဲ့နေရာမှာပဲ
ပေပြီးနေရင်းသေသွားကြသတဲ့။အမှန်တော့ နည်းနည်းပါးပါးလေးလောက်
အားထုတ်မယ်ဆိုရင် လှိုင်းအရောက်ကိုစောင့်နေစရာမလိုဘူး၊
လှိုင်းဆီကိုရောက်ကိုရောက်သွားလောက်ပါတယ်။
တစ်ခါတစ်လေများဆို လှိုင်းရေကသူတို့ နဲ့ 
ဘယ်လောက်မှမဝေးဘူး၊နှစ်ပေ၊သုံးပေလောက်ကလေးပဲရှိတာ။
ဒါလည်းသူတို့ ကတော့ မလှုပ်ဘူးခင်ဗျ။လှိုင်းတက်အလာကိုပဲ
အသေစောင့်တတ်ကြသတဲ့။
လောကမှာလည်း "ပုဇွန်လိုလူစားတွေ" အများသား။
လူတွေဟာတွေတွေဝေဝေနဲ့ အချိန်ဆွဲပြီးနေနေကြတယ်။
အားလေး၊ခွန်လေးစိုက်ထုတ်လုပ်ကိုင်ကြမယ့်အစား
ရတနာပုံကြီးက ကိုယ့်ဆီကို အလိုလိုဆိုက်လာနိုးနဲ့ 
မျှော်ကိုးနေတတ်ကြပုံကိုပြောပါတယ်။
အမှတ်မထင်ဖတ်လိုက်ရတဲ့ စာပိုဒ်ကလေးတစ်ပိုဒ်ပါပဲ။
"အပိုင်းအစများ"(Bits & Pieces) ဆိုတဲ့စာအုပ်ထဲမှာပါတယ်။
ရေးသူက Orison Swett Marden တဲ့။အဲသည့်စာပိုဒ်လေးကို
ဖတ်ပြီးစဉ်းစားမိသွားရတယ်။
ကံကိုယုံပြီးဆူးပုံနင်းတတ်သူများဟာလှိုင်းအရောက်ကို
ကျောက်ဆောင်ကျောက်ခဲခေါ်၊နေပူကျဲတောက်တောက်အောက်မှာ
ငုတ်တုတ်ကြီးစောင့်နေဖြစ်တတ်တယ်။
အသင်တို့ လည်းဘယ်လိုလူမျိုးလဲဆိုတာကို
တွေးတောစဉ်းစားနိုင်ကြပါစေဗျာ...
အပြည့်အစုံမတင်ပေးလိုက်တာတောင်းပန်ပါတယ်ဗျာ


သူများဘလော့ကစီဘောက်မှာလှလှလေးပြောမယ်

ဒီတစ်ခါတော့ ဌက်ကလေး ပြောလို့ စီဘောက်မှာ ပြောတာတွေကိုလှတပတလေးတွေ
ဖြစ်အောင် ဘလော့ပိုင်ရှင် သတိထားမိအောင်ရေးချင်သူများ အောက်က ကုဒ်လေးတွေကိုမှတ်သွားပေးကြပါဗျာ....
သိပြီးသားသူများကလဲသိပြီးလောက်ပါပြီ....
မသိသေးသူများကိုရည်ညွှန်းပါတယ်။ရေးတဲ့အခါမှာ Text ဆိုတဲ့စာသားနေရာမှာ
ကိုယ်ရေးချင်တာရေးပေါ့ဗျာ..
ဥပမာ-( [scroll]လာလည်သွားပါတယ် [/scroll] )ပေါ့ဗျာ
ရေးကြည့်ပါဗျာ..အဆင်ပြေကြမှာပါ
ကြည့်ကြည့်ပါဗျာ....

* Bold အနေနဲ့ ရေးချင်ရင် [b] Text [/b] ဆိုပြီးရေးထည့်
* Italisc အနေနဲ့ မြင်ချင်ရင် [i]Text [/i] ဆိုပြီးရေးထည့်
* Underline တားချင်ရင် [u] Text [/u] ဆိုပြီးရေးထည့်
* မျဉ်းဖြတ်ချင်ရင် [s] Text [/s] ဆိုပြီးရိုက်ထည့်
* အပေါ်ကျကျလေးပေါ်စေချင်ရင် [sup] Text [/sup] ဆိုပြီးရိုက်ထည့်
* အောက်နားကျကျလေပေါ်စေချင်ရင် [sub] Text [/sub] ဆိုပြီးရိုက်ထည့်
* အလယ်ကောင်မှာပေါ်စေချင်ရင် [center] Text [/center] ဆိုပြီးရိုက်ထည့်
* စာလုံးအကြီးနဲ့ ပေါ်စေချင်ရင် [big]Text [/big] ဆိုပြီးရေးထည့်
* အသေးနဲ့ ပေါ်စေချင်ရင် [small]Text [/small] ဆိုပြီးရိုက်
* Scroll နဲ့ ပေါ်စေချင်ရင် [scroll] Text [/scroll] ဆိုပြီးရိုက်ထည့်
* စာရိုက်နေရင်း အောက်တစ်ကြောင်းဆင်းချင်ရင် [br] ကိုခံရိုက်
* Text color ပြောင်းချင်ရင် [color=red] Text [/color] ဆိုပြီးရိုက်
* လင့်ကလေးတွေကို တိုက်ရိုက်မပေးပဲ လှတပတပေးချင်ရင် [url=http://address] ဆိုဒ်အမည် [/url] ဆိုပြီးရိုက်ထည့်

♥♥♥သူများစီဘောက်မှာ လှလှလေးရိုက်နိုင်ကြပါစေဗျာ♥♥♥

Wednesday, July 29, 2009

ဒေါင်းလော့မန်နေဂျာပါ

ဒေါင်းလုပ်ချရတာအဆင်မပြေဖြစ်နေရာဒါလေးကိုသုံးပြီချကြည့်နော်
ဒီနေရာလေးကနေယူပြီး run လိုက်ပါ

Gtalk Always Idle

ကွန်ပျူတာရှေ့မှာလူမရှိဘူးလို့ညာချင်ရင်တော့ဒီဟာလေးကို
ဒီနေရာကယူပြီး run ထားလိုက်နော်

အင်္ဂလိပ်-မြန်မာ ၊ မြန်မာ-အင်္ဂလိပ်ဒစ်ရှင်းနယ်၇ီလေးပါ

ဒီဆော့လ်ဝဲလေးကအရမ်းကောင်းပါတယ် မြန်မာလိုရိုက်ရင်အင်္ဂလိပ်လိုဘာသာ
ပြန်ပေးတယ် အင်္ဂလိပ်လိုရိုက်ရင်မြန်မာလိုဘာသာပြန်ပေးပါတယ်
လိုချင်ရင်တော့ဒီနေရာကနေယူနော်

ကွန်ပျူတာအခြေခံစာအုပ်လေးပါ

ကွန်ပျူတာပြုပြင်ခြင်းနဲ့တကယ်လက်တွေ့အသုံးချ
စာအုပ်လေးကိုဒီနေရာကနေယူနော်

ဝင်ဒိုးအမြန်တင်နည်းစာအုပ်လေးပါ

ဝင်ဒိုးအမြန်တင်နည်းစာအုပ်လေးကို
ဒီနေရာကနေယူနော်

နာကျင်မှု

မနေ့က
ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားခဲ့တဲ့ ငါ့ စိတ်တွေ
အခုထိ မဖမ်းဆုပ်နိုင်သေးဘူး၊

အနှစ်နှစ် အလလ
ငါ သင်အံခဲ့တဲ့ စာပေတွေနဲ့
နီတိဆရာ အဆက်ဆက်တို့ရဲ့ ဆုံးမစာတွေကလည်း
ငါ့ နှလုံးသားတံခါးကို လာမခေါက်ဘူး၊

ငါ ကွဲရှခဲ့တယ်
ငါ နာကျင်ခဲ့တယ်
ငါ အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့တယ်၊

လောလောလတ်လတ် ပူလောင်မှု့တွေ အတွက်
ငါ့ ရင်ဘတ်တွေ တဆတ်ဆတ် တုန်ခါနေတုန်းပဲ၊ (ခု ကဗျာရေးချိန်ထိ)
အပြန်မရှိတဲ့ လမ်းကို
မင်း....................
လေသံအေးအေးနဲ့ တွန်းချပစ်ခဲ့တာ၊

ငါ ဖိတ်မာန်ခြင်း မရှိခဲ့ပါဘူး
ဒါပေမဲ့ မင်း အရောက်လာခဲ့တယ်
ငါ မကြိုဆိုခဲ့ပါဘူး
ဒါပေမဲ့ မင်း တန်းတန်းမတ်မတ်ကြီး ၀င်ရောက်လာခဲ့တယ်၊

ကောင်မလေးရယ်
ငါ ကွဲရှခဲ့ရပါတယ်
ငါ နာကျင်ခဲ့ရပါတယ်
ငါ အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့ရပါတယ်။ ။ ။

အဖေ

* ဖေချစ်တို့ ဖေခင်တို့ ဆိုတာ ရှိတော့ ရှိတယ် ရှားတယ်ဆိုတာမျိုးလိုပါ ။
* အလုပ်မှာ တစ်နေကုန်နေရတော့ အဖေ့ကို နေ့စဉ် ရင်ခွင်ပိုက် နို့ချိုတိုက်ခဲ့တဲ့ အမေ့လောက်တော့ ချစ်အားမပိုတာ ဓမ္မတာ ဖြစ်နိုင်ပါတယ် ။
* အဖေဆိုတာလည်း သားသမီးကို ချစ်လျက်နဲ့ ကြောက်အောင် နေပြရတဲ့ ဖန်တီးရှင်မဟုတ်ပါလား ။
* ဒါပေမဲ့ အဖေသာ ရှင်ဘုရင်ကြီးဖြစ်ခဲ့ရင် သားသမီးတွေဟာ အိမ်ရှေ့စံမင်းသား ၊ မင်းသမီးလေးတွေ ဖြစ်လာနိုင်တာပေါ့ ။
* အဖေက ချမ်းသာကြွယ်ဝပြန်တော့လဲ သူဌေးသားသမီးတွေ ဖြစ်ပြန်တာပဲ မဟုတ်လား ။
* အဖေက ကုသိုလ်ရဖို့ ၊ ပညာရဖို့ ၊ ငွေရဖို့ မိသားစုတာဝန်ကျေဖို့ အလုပ်လုပ်နေတာပါ ။
* ဆူးမွေ့ယာလဲ မအိပ်ခဲ့ ၊ ပန်းမွေ့ယာလဲ မစံခဲ့ရပေမဲ့ မငြီးရှာ နှီးဖြာလေးပေါ်က မိသားစုသိုက်မြုံလေးကိုတော့ အဖေ့ဦးနှောက်နဲ့ ကြွက်သားတွေပေါ်မှာ သာယာဖူလုံမှုများနဲ့ လွမ်းခြုံနေနွေးထွေးစေပါတယ် ....။
* ဖောက်ပြန်မှုကင်းမဲ့စွာနဲ့ နှစ်ကိုယ်ပေါင်းတစ်စိတ် နှစ်ယောက်ပေါင်းတစ်ဘ၀ဇြစ်အောင် မေတ္တာတွေ အစဉ်အပိုင်ပေးပြီး အမေ့အတွက်နားလည်မှုအရှိဆုံးဟာ အဖေရယ်ပါ ..။
* အိမ်နီးချင်းဆိုတာ ကလေးချင်းကြောင့် မိန်းမချင်းကြောင့် ခြံမြေတွေကြောင့် စကားများတတ်တယ်ဆိုတဲ့ အဖေ့စကား မိသားစုတိုင်း အလွန်မှတ်သားလိုက်နာသင့်တဲ့ အချက်တွေပါ ..။
* သောက်တယ်ဆိုတာ " အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုရေးတွေကြောင့် မပျက်စီးစေရဘူး " ဆိုတာ အဖေ့နီတိ ( လမ်းညွန်) ပါ ...။
* အဖေဟာ အလှချစ် ဓနအချစ်မပါ မေတ္တာချစ်သက်သက်နဲ့သာ အိမ်ထောင်ရေးကို တည်ထောင်ထားသူပါ ...။
* ဒါကြောင့် အဖေ့မိသားစုဟာ ငွေမချမ်းပေမယ့် စိတ်ချမ်းသာတဲ့ လူတန်းစားမှာတော့ ထိပ်ဆုံးကပါ ...။
*ကြွေးဟောင်းလဲဆပ် ကြွေးသစ်ထပ် နှစ်ရပ်တာဝန် ကျေပွန်ခဲ့တဲ့ အဖေ ...။
* သားသမီးဆန်းသမျှ နွမ်းလှတဲ့ အ၀တ်လေးတွေနဲ့ တင့်တယ်နေတဲ့ အဖေ ...။
* သားသမီးကို ပခုံးပေါ်တင် ဆံပင်ကိုကိုင်စေပြီး စတိုင်ကျကျ ပွဲပြခဲ့ဘူးတဲ့ အဖေ ...။
* သားသမီးအတွက်ဆို အသာမစံ အနာသာခံ သက်သက်ဟာ အဖေလို မိဘတွေမှလွဲလို့ အခြားမရှိ..။
* ရေချိုးတော့ချမ်း အဖေ့ပုဆိုးကြမ်းလေးနဲ့ နွေးထွေးခဲ့ဘူးတယ် ...။
* အဖေက ကောင်းစေချင်လို့ ဆုံးမသမျှ အသားနာစေခဲ့ပေမဲ့ ဘ၀မနာစေရပါဘူး ...။
* ခုတော့ အဖေ့မှာ ခေတ်ဆန်ပညာတတ်သားသမီးတွေကြား ရှေးရိုးအဘိုးကြီးဖြစ်ခဲ့ရပါပြီ ...။
* ရွေပုံ ငွေပုံဘေးမှာ မြေးကိုထိန်း ပေးတာယူ ကျွေးတာစား လှိုင်သောအပြုံးစကားများနဲ့ နှောလို့ အားနာနေတာလား ---------အားငယ်နေတာလား ------အဖေရယ် .....။
* အဖေ.....ရေ ခေါ်လို့ ထူးမည့်သူမရှိတဲ့ တစ်နေ့မှာ အဖေ့ပုံရိပ်တွေက လှိုင်သောအပြုံးစကားများနဲ့ စောင့်ရှောက်ပေးနေအုန်းမှာပါ ....။
* ဒီလောကကြီးထဲမှာ အဖေနဲ့ တူတဲ့ အဖေမျိုးတွေ တဖြုတ်ဖြုတ်ကြွေလွင့်သွားကြရင်တောင် များများကြီး ရှိရှိလာနိုင်ပါစေလို့ ဆုတောင်းလျှက် ..............................................................။

လူတိုင်းသိသင့်ပါသည်

“Remember friends, as you pass by, as you are now,
So once were I, as I am now.
So you must be prepared yourselves and follow me”


“မိတ်ဆွေ၊ ငါ့အနားက ဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ၊
ငါလည်းပဲ တစ်ခါတုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဖူးတာပါပဲ။
မင်းလည်းပဲ တစ်နေ့ကျရင် အခုငါ့လိုဖြစ်လာမှာပါ။
ပြင်ဆင်စရာရှိသမျှပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့။"

Template by : kendhin x-template.blogspot.com