Thursday, July 30, 2009
မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေအောင် ဆပ်ကြပါ…
Posted by
moecherryaye
at
5:36 AM
0
comments
Labels: poem
ကမ်းစပ်နဲ့ ရေလှိုင်း
ဆိုတဲ့စာစုလေးကိုတင်လိုက်ပါတယ်
ပုဇွန်တွေမျက်စိလည်၊လမ်းမှားပြီး ကမ်းစပ်ကကျောက်ဆောင်
ကျောက်သားတွေပေါ်ကို ရောက်သွားရင် ရေထဲကို
မပြန်တက်ကြတော့ဘူးဆိုပဲ။
ဟုတ်လောက်တယ်လေ။ပုဇွန်ဆို
ဘယ်ပုဇွန်ပဲဖြစ်ဖြစ် ခြေထောက်မှမပါတာကိုး။
ဒါပေမယ့်သူတို့ ကိုယ်မှာက ငါးတွေလိုပဲရေကူးနိုင်တဲ့
အမြီးလည်းပါတယ်။ကိုယ်ကလည်းကွေးလို့ ဆန့် လို့ 
လှုပ်လို့ ရှားလို့ လည်းရနေတာပဲ။ဒါပေမယ့်သူတို့ ဟာ
အကြောင်းတစ်ခုခုကြောင့် ကမ်းပေါ်ရောက်သွားရင်
ရေထဲကိုပြန်မသွားတတ်ကြတော့ဘူး။သူတို့ တတ်တာက
ရေလှိုင်းကသူတို့ ဆီရောက်လာပြီး ရေထဲ
ပြန်ဆွဲအချကိုငံ့လင့်နေတာဆိုပဲ။
ရေလှိုင်းရောက်မလာဘူးဆိုရင်လည်းရောက်နေတဲ့နေရာမှာပဲ
ပေပြီးနေရင်းသေသွားကြသတဲ့။အမှန်တော့ နည်းနည်းပါးပါးလေးလောက်
အားထုတ်မယ်ဆိုရင် လှိုင်းအရောက်ကိုစောင့်နေစရာမလိုဘူး၊
လှိုင်းဆီကိုရောက်ကိုရောက်သွားလောက်ပါတယ်။
တစ်ခါတစ်လေများဆို လှိုင်းရေကသူတို့ နဲ့ 
ဘယ်လောက်မှမဝေးဘူး၊နှစ်ပေ၊သုံးပေလောက်ကလေးပဲရှိတာ။
ဒါလည်းသူတို့ ကတော့ မလှုပ်ဘူးခင်ဗျ။လှိုင်းတက်အလာကိုပဲ
အသေစောင့်တတ်ကြသတဲ့။
လောကမှာလည်း အများသား။
လူတွေဟာတွေတွေဝေဝေနဲ့ အချိန်ဆွဲပြီးနေနေကြတယ်။
အားလေး၊ခွန်လေးစိုက်ထုတ်လုပ်ကိုင်ကြမယ့်အစား
ရတနာပုံကြီးက ကိုယ့်ဆီကို အလိုလိုဆိုက်လာနိုးနဲ့ 
မျှော်ကိုးနေတတ်ကြပုံကိုပြောပါတယ်။
အမှတ်မထင်ဖတ်လိုက်ရတဲ့ စာပိုဒ်ကလေးတစ်ပိုဒ်ပါပဲ။
ဆိုတဲ့စာအုပ်ထဲမှာပါတယ်။
ရေးသူက တဲ့။အဲသည့်စာပိုဒ်လေးကို
ဖတ်ပြီးစဉ်းစားမိသွားရတယ်။
ကံကိုယုံပြီးဆူးပုံနင်းတတ်သူများဟာလှိုင်းအရောက်ကို
ကျောက်ဆောင်ကျောက်ခဲခေါ်၊နေပူကျဲတောက်တောက်အောက်မှာ
ငုတ်တုတ်ကြီးစောင့်နေဖြစ်တတ်တယ်။
အသင်တို့ လည်းဘယ်လိုလူမျိုးလဲဆိုတာကို
တွေးတောစဉ်းစားနိုင်ကြပါစေဗျာ...
အပြည့်အစုံမတင်ပေးလိုက်တာတောင်းပန်ပါတယ်ဗျာ
Posted by
moecherryaye
at
5:04 AM
0
comments
Labels: poem
Wednesday, July 29, 2009
နာကျင်မှု
မနေ့က
ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားခဲ့တဲ့ ငါ့ စိတ်တွေ
အခုထိ မဖမ်းဆုပ်နိုင်သေးဘူး၊
အနှစ်နှစ် အလလ
ငါ သင်အံခဲ့တဲ့ စာပေတွေနဲ့
နီတိဆရာ အဆက်ဆက်တို့ရဲ့ ဆုံးမစာတွေကလည်း
ငါ့ နှလုံးသားတံခါးကို လာမခေါက်ဘူး၊
ငါ ကွဲရှခဲ့တယ်
ငါ နာကျင်ခဲ့တယ်
ငါ အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့တယ်၊
လောလောလတ်လတ် ပူလောင်မှု့တွေ အတွက်
ငါ့ ရင်ဘတ်တွေ တဆတ်ဆတ် တုန်ခါနေတုန်းပဲ၊ (ခု ကဗျာရေးချိန်ထိ)
အပြန်မရှိတဲ့ လမ်းကို
မင်း....................
လေသံအေးအေးနဲ့ တွန်းချပစ်ခဲ့တာ၊
ငါ ဖိတ်မာန်ခြင်း မရှိခဲ့ပါဘူး
ဒါပေမဲ့ မင်း အရောက်လာခဲ့တယ်
ငါ မကြိုဆိုခဲ့ပါဘူး
ဒါပေမဲ့ မင်း တန်းတန်းမတ်မတ်ကြီး ၀င်ရောက်လာခဲ့တယ်၊
ကောင်မလေးရယ်
ငါ ကွဲရှခဲ့ရပါတယ်
ငါ နာကျင်ခဲ့ရပါတယ်
ငါ အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့ရပါတယ်။ ။ ။
Posted by
moecherryaye
at
9:01 AM
0
comments
Labels: poem
အဖေ
Posted by
moecherryaye
at
8:53 AM
0
comments
Labels: poem
လူတိုင်းသိသင့်ပါသည်
“Remember friends, as you pass by, as you are now,
So once were I, as I am now.
So you must be prepared yourselves and follow me”
“မိတ်ဆွေ၊ ငါ့အနားက ဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ၊
ငါလည်းပဲ တစ်ခါတုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဖူးတာပါပဲ။
မင်းလည်းပဲ တစ်နေ့ကျရင် အခုငါ့လိုဖြစ်လာမှာပါ။
ပြင်ဆင်စရာရှိသမျှပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့။"
Posted by
moecherryaye
at
8:51 AM
0
comments
Labels: poem
